မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်က Global Summit on Sustainable Agriculture ၏ Founder ဖြစ်သူ Mr. Sun Xi ကို လက်ခံတွေ့ဆုံ(၁၇-၅-၂၀၂၄ ရက်)

(၁၇-၅-၂၀၂၄ ရက်၊ စင်ကာပူ)

မြန်မာသံရုံး၊ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုးသည် Global Summit on Sustainable Agriculture ၏ Founder ဖြစ်သူ Mr. Sun Xi ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ ၁၄:၀၀ နာရီတွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်မည့် 1st Global Summit on Sustainable Agriculture နှင့်စပ်လျဉ်းသည့်ကိစ္စများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*********************