Belarusian State University of Informatics and Radioelectronics သို့ မြန်မာကောင်စစ်ဝန်ချုပ် သွားရောက်လေ့လာ (၂၆-၃-၂၀၂၄ ရက်)

(၂၆-၃-၂၀၂၄ ရက်၊ မင့်စ်)

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၊ ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူသည် Belarusian State University of Informatics and Radioelectronics ၏ ဖိတ်ကြားချက်အရ ပါမောက္ခချုပ် Dr. Bogush V.A အား ၂၆-၃-၂၀၂၄ ရက်၊ ၁၁:၀၀ နာရီတွင် ၎င်း၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ပါမောက္ခချုပ် Dr. Bogush V.A က တက္ကသိုလ်၏ ပညာသင်ကြားနေမှုအခြေအနေများ၊ ဘာသာရပ်များအလိုက် သင်ကြားပို့ချနေမှုများ၊ လက်ရှိတွင် ၎င်းတို့၏တက္ကသိုလ်၌ ကျောင်းသားပေါင်း ၁၆,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ကောင်စစ်ဝန်ချုပ်က သိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။