အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုး(၂၅-၄-၂၀၂၃ ရက်)

(၂၅-၄-၂၀၂၃ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် သည် ၂၅-၄-၂၀၂၃ ရက်၊ မွန်းလွဲပိုင်းတွင် နယူးဒေလီမြို့ရှိ ဖိလစ်ပိုင်သံရုံးသို့ သွားရောက်၍ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း The Honorable Albert F. Del Rosario ကွယ်လွန်ခဲ့ခြင်းအတွက် ဖွင့်လှစ်ထားသော ဝမ်းနည်းခြင်း မှတ်တမ်းလွှာစာအုပ်၌ စာနာထောက်ထားဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။