Passport Renewal

နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးခြင်း လုပ်ငန်းစဉ်

နိဒါန်း

၁။ မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသူများ၊ ကျောင်းထိုင်ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ခေတ္တလာရောက် လည်ပတ်ကြသူများ၊ မှီခိုသူ/အုပ်ထိန်းသူ အဖြစ် နေထိုင်လျှက် ရှိကြသူများသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်၍ နိုင်ငံကူး လက်မှတ်အသစ် ရယူရန် လျှောက်ထားသည့် အချိန်တွင် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို သိရှိစေရန် ရည်ရွယ်၍ တင်ပြထားခြင်း ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်

  • မိမိကိုင်ဆောင် ထားသည့် နိုင်ငံကူးလက်မှတ် စာအုပ်(မူရင်း)၊ အလုပ်လုပ်ကြောင်း ကုမ္ပဏီ ထောက်ခံစာ၊ ကျောင်းသားကဒ်/ စာသင်သံဃာကဒ်ပြား(မူရင်း)၊ နောက်ဆုံး ထမ်းဆောင်ထားသည့် အခွန်ပြေစာ (မူရင်း)၊ ထောက်ခံစာ လျှောက်ထားသူများ အတွက် လပ်ထပ်စာချုပ်(မှုရင်း)၊ မိသားစုစာရင်း(မူရင်း) ကို မိမိနှင့် တပါတည်း ယူလာရန် အရေးကြီး ပါသည်။ ဖေါ်ပြပါ စာရွက်စာတမ်းများ တင်ပြနိုင်ခြင်း မရှိပါက ရုံးလုပ်ငန်း လုပ်ထုံး ညွှန်ကြားချက်များအရ လုံးဝ ဆောင်ရွက်ပေး နိုင်မည် မဟုတ်ကြောင်း အသိပေးအပ် ပါသည်။
  • နိုင်ငံကူးလက်မှတ် စာအုပ်များ အသစ်လဲလှယ်ရန် အတွက် လက်ဗွေနှိပ်ခြင်း၊ ထိုးမြဲလက်မှတ် ရယူခြင်း၊ စသည့်လုပ်ငန်းစဉ် အဆင့်ဆင့် အားလုံးကို အစစ အဆင်ပြေပါက တစ်နေ့တည်း အပြီးဆောင်ရွက်ရမည် ဖြစ်၍ ကာယကံရှင် ကိုယ်တိုင် မပျက်မကွက် လာရောက်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။
  • အဆိုပါ လျှောက်လွှာနှင့် စာရွက်စာတမ်းများ ပြည့်စုံမှု ရှိ/မရှိကို စစ်ဆေးမည် ဖြစ်ပါသည်။

လက်ဗွေနှိပ် လက်မှတ်ရယူခြင်း

  • နိုင်ငံကူး လက်မှတ်အသစ် လျှောက်ထားရန် တင်ပြရမည့် စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် လက်ဗွေနှင့် လက်မှတ်များ ရယူရန် ဖြစ်ပါသည်။ လက်မှတ်ရေးထိုးပြီး မိမိလက်မှတ်ကို ကွန်ပျူတာ ဖလ်သားပြင်တွင် ပြန်လည်ကြည့်ရှု့၍ စိတ်တိုင်းမကျလျှင် သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းအား နိုင်ငံကူးလက်မှတ် မထုတ်ပေးမီ ပြောကြားနိုင် ပါသည်။

နိုင်ငံကူးလက်မှတ်အသစ်ထုတ်ယူခြင်း

၂။ နိုင်ငံကူးလက်မှတ် စာအုပ်အသစ်ရွေးရန် ချလံစာရွက်နှင့်အတူ မည်သူမဆို နောက်တနေ့ညနေ (၁၇း၃၀) နာရီတွင် သံရုံး၌ လာရောက်ထုတ်ယူ နိုင်ပါသည်။ နိုင်ငံကူးလက်မှတ်စာအုပ် အသစ်တစ်အုပ်အတွက် ကျသင့်ငွေမှာ ရင်းဂစ် ၅၀၀၀/- နှင့် စာရွက်စာတမ်းကြေး(ပုံစံကြေး) ရင်းဂစ် ၄၀၀ ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ် စာအုပ်၏ သက်တမ်းကာလမှာ စတင်ထုတ်ပေးသည့် နေ့မှစ၍ (၄) နှစ်သက်တမ်း ရှိပါသည်။ နိုင်ငံကူးလက်မှတ် စာအုပ်အဟောင်းကို Cancelled တံဆိပ်တုံး ရိုတ်နှိပ်လျှက် စာအုပ်အသစ်နှင့်အတူ အိန္ဒိယနိုင်ငံ Foreign Regional Registration Office (FRRO) တွင် ယခင်စာအုပ်၌ ပါရှိသည့် ပြည်ဝင်ခွင့် တံဆိပ်များ၊ နေထိုင်ခွင့် ပါမစ်(Stay Paermit)များ ကူးပြောင်း ရိုတ်နှိပ်နိုင်ရန် အတွက် ပြည်လည်ထုတ်ပေးမည် ဖြစ်ပါသည်။

၃။ နိုင်ငံကူးလက်မှတ် စာအုပ်အဟောင်းကို တစ်လကြာ ခေတ္တကိုင်ဆောင်ခွင့် ပြုထားမည် ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ် အသစ်နှင့်အဟောင်းတို့ကို ထုတ်ယူပြီး နိုင်ငံကူးလက်မှတ် အသစ်များ ထုတ်ပေးသည့် မှတ်တမ်းစာအုပ်တွင် အမည်၊ နိုင်ငံကူးလက်မှတ် အသစ်နှင့် အဟောင်းတို့၏ အမှတ်နှင့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ဖြည့်စွက်၍ လက်ခံရရှိပြီး ဖြစ်ကြောင်း လက်မှတ် ရေးထိုးရမည် ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ် စာအုပ်အဟောင်းကို တစ်လပြည့်ပြီးနောက် သံရုံးသို့ ကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) လူကြုံဖြင့် ဖြစ်စေ မပျက်မကွက် ပြန်လည် အပ်နှံရန် လိုအပ်ပါသည်။

မြန်မာသံရုံး ကွာလာလမ်ပူမြို့၏ မြန်မာနိုင်ငံသားများဆိုင်ရာ ဆောင်ရွက်ပေးမှုများအတွက် သိသင့် သိထိုက်သည်များ

၎။ သာမန်မြန်မာနိုင်ငံကူးလက်မှတ် အသစ်ထုတ်မည်ဆိုပါက

  • မြန်မာနိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးပါရန် လျှောက်လွှာပုံစံ ရေးဖြည့်ရပါမည်။
  • မြန်မာနိုင်ငံကူးလက်မှတ် အဟောင်းကို ယူဆောင်လာ ရပါမည်။
  • ကွန်ပျုတာစက်တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းနိုင်ရန် လူကိုယ်တိုင် လာရောက်ရပါမည်။
  • သံရုံးမှ သတ်မှတ်ထားသည့် ကိုယ်ရေးရာဇဝင် ပုံစံတစ်စောင်ကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။ ယင်းတွင် ပတ်စပို့အရွယ် ဓါတ်ပုံတစ်ပုံ ကပ်ပေးရပါမည်။
  • (၆) လအတွင်းရိုတ်ထားသည့် နောက်ခံ အဖြူရောင်နှင့် မျက်နှာပုံ ၈၀% ထင်ရှားသည့် ပတ်စပို့အရွယ်ဓါတ်ပုံ (၁) ပုံ။
  • လူပုဂ္ဂိုလ်များအတွက် နိုင်ငံတော်က သတ်မှတ်ထားသည့် ရင်းဂစ်ငွေ ၅၀၀၀/- ပေးဆောင်ရပါမည်။
  • စာရွက်စာတမ်းကြေး နိုင်ငံတော်က သတ်မှတ်ထားသည့် အတိုင်း ရူးပီးငွေ ၄၀၀ ပေးဆောင်ရပါမည်။
  • ရဟန်း၊ သံဃာနှင့် သီလရှင်များကို ကုသိုလ်ဖြစ် လုပ်ပေးပါသည်။
  • ဗီဇာများကို စာအုပ်သစ်တွင် ရေးသွင်းပြီးပါက စာအုပ်အဟောင်းကို ပြန်လည်အပ်နှံရပါမည်။
  • မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မိဘနှစ်ပါးမှ မွေးဖွားလာသော ကလေးများကိုလည်း မွေးစာရင်း မိတ္တူ၊ မိဘနှစ်ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်များ ရှိပါက သာမန် မြန်မာနိုင်ငံကူးလက်မှတ် အသစ်(MRP-Machine Readable Passport) ထုတ်ပေးလျှက် ရှိပါသည်။
  • ယခင်မိခင် (သို့မဟုတ်) ဖခင် မြန်မာနိုင်ငံကူး လက်မှတ်များတွင် ပူးတွဲပါရှိနေသည့် ကလေးများကိုလည်း ယခုအခါ သာမန်မြန်မာနိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးလျှက် ရှိပါသည်။
  • ယခင် (C of I) ဖြင့် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ကလေးများကိုလည်း သာမန် မြန်မာနိုင်ငံကူး လက်မှတ် အသစ် ထုတ်ပေးလျှက် ရှိပါသည်။

၅။ သာမန်မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ဟောင်းတွင် သက်တမ်းတိုးမည် ဆိုပါက

  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးပါရန် ကိုယ်တိုင်ရေးလျှောက်လွှာ
  • သံရုံးမှာ သတ်မှတ်ထားသည့် ကိုယ်ရေးရာဇဝင် ပုံစံတစ်စောင်ကို ပြည့်စုံစွာ ဖြည့်စွတ်ရပါမည်။
  • (၆) လအတွင်း ရိုတ်ထားသည့် ဓါတ်ပုံ (၁) ပုံ
  • လူပုဂ္ဂိုလ်များအတွက် နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း ရင်းဂစ်ငွေ ၅၀၀၀/- ကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့သို့ လိပ်စာရေး၍ Demand Draft ပေးသွင်းရပါမည်။
  • နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း စာရွက်စာတမ်းကြေး ရင်းဂစ်ငွေ ၄၀၀/- ကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့သို့ လိပ်စာရေး၍ Demand Draft ပေးသွင်းရပါမည်။
  • ရဟန်း၊ သံဃာနှင့် သီလရှင်များကို ကုသိုလ်ဖြစ် လုပ်ပေးပါသည်။
  • လူကိုယ်တိုင် မလာရောက်နိုင်ပါက စာတိုက်မှ အသေအခြာ နိုင်ငံကူးလက်မှတ် အဟောင်းကို ပေးပို့ရပါမည်။ အပျောက်အရှ ရှိပါက ပေးပို့စေလိုသူက တာဝန်ယူရပါမည်။
  • သက်တမ်းတိုးပြီး စာအုပ်ကို ပြန်လည် ပေးပို့နိုင်ရန်အတွက် လိပ်စာအပြည့်အစုံ ဖေါ်ပြပေးရပါမည်။ အပျောက်အရှရှိပါက ပေးပို့စေလိုသူက တာဝန်ယူရပါမည်။
  • ယခုလက်ရှိ ထုတ်ပေးနေသော MRP Passport များတွင် သက်တမ်းတိုး၍ မရပါသဖြင့် (၄) နှစ်ပြည့်ပါက အသစ်တစ်အုပ် ထပ်မံ ထုတ်ရပါမည်။

၆။ သာမန် မြန်မာနိုင်ငံကူးလက်မှတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း

  • နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ညီမျှသည့် ဒေသသုံးငွေကို ပေးဆောင်ရမည် ဖြစ်ပါသည်။
  • မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးကြောင်း အထောက်အထားအဖြစ် သက်ဆိုင်ရာနိုင်ငံရှိ မိမိပျောက်ဆုံးသည့် ဒေသမှ ရဲစခန်း ထောက်ခံစာ ပါရှိရပါမည်။
  • မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးရသည့် အကြောင်းနှင့် မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြန်လည်ထုတ်ပေးပါရန် ကိုယ်တိုင်ရေး လျှောက်လွှာ တစ်စောင် ပါရှိရပါမည်။
  • ပျောက်ဆုံးသည့် မြန်မာနိုင်ငံကူးလက်မှတ် အဟောင်း မိတ္တူကို ယူဆောင်လာ ရပါမည်။
  • မြန်မာနိုင်ငံကူးလက်မှတ်အသစ် ပြန်လည်ထုတ်ယူရန် အတွက် အထက်ဖေါ်ပြပါ အတိုင်း ပြည့်စုံစွာ ယူဆောင်လာ ရပါမည်။

 

ပြန်စာထားခဲ့ပါ။