(၃-၉-၂၀၂၂ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် နယူးဒေလီမြို့တွင် ၁-၉-၂၀၂၂ ရက်မှ ၃-၉-၂၀၂၂ ရက်အတွင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် Association of Asian Scholars တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် “Connecting East: Confluence of IPOI and AOIP Visions” အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်၍ Working Session 7: Multi-Sectoral Connectivity: Energy and Environment ၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ (၃) ရက်ကြာ ကျင်းပသည့် အဆိုပါညီလာခံတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများမှ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ညီလာခံ၏ Working session (၈) ခုတွင် အာရှဒေသမှ Think Tank များ၊ တက္ကသိုလ်များနှင့် ဘာသာရပ်ပိုင်း သုတေသနနှင့် လေ့လာရေးစင်တာများမှ အသိပညာရှင်၊ အတတ်ပညာရှင် များ၊ မူဝါဒရေးရာလေ့လာသူ သုတေသီများနှင့် အစိုးရတာဝန်ရှိသူများမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။


