(၁၂-၁၀-၂၀၂၃ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းသည် ၁၂-၁၀-၂၀၂၃ ရက်နေ့၊ ၀၉၃၀ နာရီတွင် စစ်ချွမ်းပြည်နယ်၊ ချန်သူးမြို့၌ ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက်ယဉ်ကျေးမှုအမွေအနှစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ချွမ်းပြည်နယ်အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ချန်သူးမြို့နှင့် ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသောကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး၊ ဖွင့်ပွဲအခမ်းအနားပြီးနောက် ပွဲတော်အတွင်းပြသထားသည့် ပြခန်းများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။ အဆိုပါပွဲတော်သည် စစ်ချွမ်းပြည်နယ်အစိုးရ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



