(၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက် (၁၀-၈-၂၀၂၅ ရက်)

(၁၀-၈-၂၀၂၅ ရက်၊ ရီရတ်ဒ်)

(၅၈) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို အာဆီယံ-ရီရတ်ဒ် ကော်မတီဥက္ကဌ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရွမ်ဂျူနစ် ၏နေအိမ်၌ ၁၀-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ နှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ ဦးကျော်သူပါဝင်တက်ရောက်ခဲ့ပါသည်။