(၂၇) ကြိမ်မြောက် ချုံချင့်မြို့ပြယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက် (၂၈-၃-၂၀၂၄ ရက်)

(၂၈-၃-၂၀၂၄ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၂၈-၃-၂၀၂၄ ရက်နေ့၊ ၁၉:၃၀ နာရီတွင် ချုံချင့်မြို့၊ Jiefangbei ၌ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှု နှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် ယွီကျုံးခရိုင်ပြည်သူ့အစိုးရတို့မှ ဦးစီးကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် ချုံချင့်မြို့ပြယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ တာဝန်ရှိသူများ၊ ယွီကျုံးခရိုင်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်သူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက် ရောက်ခဲ့ကြပါသည်။ ပြပွဲအား ၂၉-၃-၂၀၂၄ ရက်နေ့မှ ၃၁-၃-၂၀၂၄ ရက်နေ့အထိ ပြသသွားမည် ဖြစ်ပြီး နိုင်ငံပေါင်း (၉)နိုင်ငံနှင့် တရုတ်နိုင်ငံရှိ မြို့ကြီးများမှ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်းများပါဝင်ပြသခဲ့ကာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကိုယ်စားပြု၍ မြန်မာ့ပုလဲ ရတနာများကိုလည်း ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

Belarusian State University of Informatics and Radioelectronics သို့ မြန်မာကောင်စစ်ဝန်ချုပ် သွားရောက် လေ့လာ (၂၆-၃-၂၀၂၄ ရက်၊ မင့်စ်) ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၊ ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ သည် Belarusian State University of Informatics and Radioelectronics ၏ ဖိတ်ကြားချက်အရ ပါမောက္ခချုပ် Dr. Bogush V.A အား ၂၆-၃-၂၀၂၄ ရက်၊ ၁၁:၀၀ နာရီတွင် ၎င်း၏ ဧည့်ခန်းမ၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပါမောက္ခချုပ် Dr. Bogush V.A က တက္ကသိုလ်၏ ပညာသင်ကြားနေမှု အခြေအနေများ၊ ဘာသာရပ်များအလိုက် သင်ကြားပို့ချနေမှုများ၊ လက်ရှိတွင် ၎င်းတို့၏ တက္ကသိုလ်၌ ကျောင်းသား ပေါင်း ၁၆,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ရာ ကောင်စစ်ဝန်ချုပ်က သိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။