(၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးဆိုင်ရာ အထူးရှင်းလင်းပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း

(၂၇-၁၁-၂၀၂၆၊ နန်နင်း)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ Ming Du Lakeside Hotel ၌ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးဆိုင်ရာ အထူးရှင်းလင်းပွဲသို့ အခြားအာဆီယံနိုင်ငံမှ ကောင်စစ်ဝန်ချုပ်များ၊ သံတမန်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။  

အဆိုပါရှင်းလင်းပွဲတွင် ကွမ်ရှီးနိုင်ငံခြားရေးရာရုံး (ဟောင်ကောင်နှင့် မကာအိုရေးရာရုံး) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပါတီဦးဆောင်အဖွဲ့ဝင် Zhou Tong က သဘာပတိအဖြစ် ဆောင်ရွက်၍ Guangxi Institute of Public Administration မှ တွဲဖက်ပါမောက္ခ Yin Hongying က (၂၀) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး လမ်းညွှန်မူဝါဒများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဧည့်သည်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် နန်နင်းမြို့အခြေစိုက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ ကွမ်ရှီးဆက်သွယ်ရေးရုံး ညွှန်ကြားရေးမှူး၊ Nanning Normal University မှ ပါကစ္စတန် တွဲဖက်သုတေသနပညာရှင်၊ ကွမ်ရှီးပြည်ပယဉ်ကျေးမှုနှင့် ခရီးသွားလာရေးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ ကွမ်ရှီးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် နိုင်ငံတကာကျောင်းသား ကိုယ်စားလှယ်တို့က မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။