(၁၈-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)
၁။ Covid-19 ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရသည့်ကာလတွင် ဂျော်ဒန်၌ အခက်အခဲများ ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံသား (၁၃၃) ဉီးတို့သည် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ (၁၂) ကြိမ်မြောက် အာမန်-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ၁၈-၁၀-၂၀၂၁ ရက်(တနင်္လာနေ့) နံနက် (၀၆:၂၅) နာရီတွင် အဆင်ပြေချောမွေ့စွာ ဆိုက်ရောက်ခဲ့ပါသည်။
၂။ ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကျန်းမာရေး၊ စိစစ်မှု၊ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် လိုအပ်သောလုပ်ငန်းစဉ်များဆိုင်ရာ အခန်းကဏ္ဍအလိုက်အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် လှိုင်သာယာရှိ Yaw Min Gyi (hostel) Facility Quarantine Center သို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရှိရပါသည်။



