(၂၉-၅-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)
ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၉-၅-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ပြုလုပ်သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (HR/VP) ၏ Head of Cabinet ဖြစ်သူ Mr. Francisco Fontan Pardo နှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
နေ့လယ်စာစားပွဲတွင် Mr. Francisco Fontan Pardo က ၂၀၂၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် အီးယူရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော အာဆီယံသံအမတ်ကြီးများနှင့် ASEAN-EU Commemorative Summit နှင့် ယခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် EU-ASEAN Ministerial Meeting တို့မှ ကတိကဝတ်များအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးကလည်း မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းတို့ ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလျက်ရှိကြောင်းနှင့် အာဆီယံနှင့် အီးယူ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဲ့သို့သော ကိစ္စရပ်များတွင် အပြုသဘော ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
****************************



