အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးမှ အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံမတ်ကြီးအား နှုတ်ခွန်းဆက်တွေ့ဆုံ

(၁၂-၁၁-၂၀၂၆၊ နယူးဒေလီ)

​အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် နယူးဒေလီမြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Denis Alipov ထံသို့ ၁၁-၁၁-၂၀၂၆ ရက် တွင် သွားရောက်နှုတ်ခွန်းဆက် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် လတ်တလော ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။