အာရှ၊ အာဖရိက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်းက ဦးစီးကျင်းပသည့် 4th High Level Diplomatic Meet အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက် (၂၄-၆-၂၀၂၃ ရက်)

(၂၄-၆-၂၀၂၃ ရက်၊ နယူးဒေလီ)
 
အာရှ၊ အာဖရိက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဦးစီး၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် နယူးဒေလီမြို့ရှိ India International Center ၌ ကျင်းပပြုလုပ်သည့် 4th High Level Diplomatic Meet အခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။ 
 
အဆိုပါအခမ်းအနားသို့ အာရှနှင့်အာဖရိကကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အာရှနှင့်အာဖရိကနိုင်ငံများမှ သံအမတ်ကြီးများ၊  သံရုံးအကြီးအကဲများ၊ စီးပွားရေးသံမှူး များနှင့် ဖိတ်ကြားထားသည့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက် ခဲ့ကြပြီး သံအမတ်ကြီးက ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောကြားရာတွင်  လက်ရှိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်နိုင်မည့် အလားအလာရှိသောကဏ္ဍများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။