အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် 68th Initiative for ASEAN Integration (IAI) နှင့် 12th Consultation Meeting of the IAI Task Force with ASEAN Partners အစည်းအဝေးသို့ တက်ရောက်(၂၃-၉-၂၀၂၂ရက်)

(၂၃-၉-၂၀၂၂ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင်၂၂-၉-၂၀၂၂ ရက်နေ့မှ ၂၃-၉-၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် 68th Initiative for ASEAN Integration (IAI) နှင့် 12th Consultation Meeting of the IAI Task Force with ASEAN Partners အစည်းအဝေးသို့ IAI Task Force အဖွဲ့ဝင်အဖြစ်တက်ရောက်ဆွေးနွေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး မှ National Coordinator အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ်၏ IAI ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယား အမြဲတမ်းကိုယ်စားလှယ် H.E. Yeap Samnang က ဆောင်ရွက်ခဲ့ပြီး IAI Task Force အဖွဲ့ဝင်ဖြစ်သည့် ဂျကာတာမြို့ရှိ အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် (CLMV)တို့မှ National Coordinators နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ CLMV National Coordinators များမှလည်း IAI လုပ်ငန်းအစီအစဉ်ပါ ဉီးစားပေးနယ်ပယ်များနှင့်ပတ်သက်၍ နိုင်ငံတွင်းလုပ်ဆောင်မှုများ၊ ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အစည်းအဝေးသို့ တင်ပြကြပါသည်။ IAI လုပ်ငန်းအစီအစဉ် (IAI Work Plan) ကို ၂၀၀၂ ခုနှစ်မှ စတင်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အား IAI စီမံကိန်းများ ဖော်ဆောင်ရာတွင် အဓိက အကျိုးခံစားခွင့်ရှိသည့်နိုင်ငံများ (Beneficiary Country) အဖြစ် ရည်ရွယ်၍ဆောင်ရွက်သည့် စီမံကိန်းအစီအစဉ်ဖြစ်ပါသည်။ အစည်းအဝေးတွင် လက်ရှိ အကောင်အထည်ဖော်လျက်ရှိသည့် IAI Work Plan IV (2021-2025)နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ IAI Work Plan III တွင် အကောင်အထည်ဖော်ရန် ကျန်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် 12th Consultation Meeting of the IAI Task Force with ASEAN Partners အစည်းအဝေးတွင် IAI Work Plan အား အထောက်အပံ့ပေးသည့် အာဆီယံပြင်ပ မိတ်ဖက်နိုင်ငံများက Beneficiary အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံတို့မှ National Coordinators များနှင့် ၎င်းတို့ အထောက်အပံ့ပေးသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ အထောက်အပံ့ပေးလိုသည့် နယ်ပယ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ၊ IAI Task Force အဖွဲ့ဝင်များနှင့်လည်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။