အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုလှိုင် သံရုံးဒုတိယအကြီးအကဲသင်တန်း (Course for Deputy Chief of Mission) အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားတွင် အမှာစကားပြောကြား

(၁၅-၁၀-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သော  သံရုံးဒုတိယအကြီးအကဲသင်တန်း (Course for Deputy Chief of Mission-CfDCM) အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၅-၁၀-၂၀၂၁ ရက် (သောကြာနေ့) ၊ ၁၄:၀၀ နာရီတွင် Virtual Platform မှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ အမှာ စကားပြောကြားခဲ့ပါသည်။ 

အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၁-၆-၂၀၂၁ ရက်နေ့မှ ၁၆-၇-၂၀၂၁ ရက်နေ့အထိ ပထမအဆင့်အဖြစ်လည်းကောင်း၊ ၁၁-၁၀-၂၀၂၁ ရက်နေ့မှ ၁၅-၁၀-၂၀၂၁ ရက်နေ့အထိ ဒုတိယအဆင့်အဖြစ်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာထမ်းနှင့် အလယ် အလတ်အဆင့်အရာထမ်း စုစုပေါင်း (၂၆) ဦး တက်ရောက်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့်အရာရှိများက သင်တန်းတွင် ဆွေးနွေးပို့ချခဲ့ကြပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရ ပါသည်။