ဆားဘီးယားနိုင်ငံ၊ဘဲလ်ဂရိတ်မြို့၌ ကျင်းပသည့်ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ် အဆင့်မြင့်အစည်းအဝေး ဒုတိယနေ့သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်

(၁၂-၁၀-၂၀၂၁ ရက်၊ ဘဲလ်ဂရိတ်)

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တွင် ၁၁-၁၀-၂၀၂၁ ရက်မှ ၁၂-၁၀-၂၀၂၁ ရက်အထိ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ် (၆၀) ပြည့် အထိမ်း အမှတ် အဆင့်မြင့် အစည်းအဝေး (ဒုတိယနေ့) ကို ၁၂-၁၀-၂၀၂၁ ရက်တွင် ဆက်လက် ကျင်းပခဲ့ရာ ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ခဲ့ပါသည်။  

အစည်းအဝေးဒုတိယနေ့တွင်  ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နှစ် (၆၀) ပြည့် အထိမ်း အမှတ်အဆင့်မြင့် အစည်းအဝေး ထုတ်ပြန်ချက်အား လက်ရှိဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Jeyhan Bayramov မှ ပြောကြားခဲ့ပြီးနောက် ၎င်းက နိဂုံးချုပ်အမှာစကားအား ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက် အိမ်ရှင် ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nikola Selakovi မှ နိဂုံးချုပ် အမှာစကား ဆက်လက်ပြောကြားခဲ့ပြီး အစည်းအဝေးသည် ၁၇၃၀ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။