(၈-၁၂-၂၀၂၃ ရက်၊ ဂိုလ်မဲလ်)
ဘယ်လာရုစ်ကုန်သည်ကြီးများအသင်း Gomel ဌာနခွဲ၏ဖိတ်ကြားမှုဖြင့် ဂိုလ်မဲလ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးကုန်စည်ပြပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ တက်ရောက်ခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်သည် ၈-၁၂-၂၀၂၃ ရက်တွင် Gomel Chemical ကုမ္ပဏီ၏ သီးသန့်ဆောင်၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် Gomel Chemical ကုမ္ပဏီပိုင် ဓါတ်မြေဩဇာစက်ရုံ လေ့လာရေးခရီးစဉ်သို့လိုက်ပါလျက် ထုတ်လုပ်မှုအဆင့်ဆင့်ကို လေ့လာခဲ့ကြောင်း သိရှိရပါသည်။



