(၂၆-၁၀-၂၀၂၆၊ ကူဝိတ်)
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ကူဝိတ်နိုင်ငံဆိုင်ရာ အီရတ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Usama Alnashy အား ၂၅-၁၀-၂၀၂၆ ရက် ၁၀:၃၀ နာရီတွင် ကူဝိတ်မြို့ရှိ အီရတ်သံရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအကြား သံအမတ်ကြီးများ အပြန်အလှန်အဆိုပြုခန့်အပ်ရေး၊ ကူဝိတ်ရှိနှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မြန်မာသံအမတ်ကြီးက အီရတ်အစိုးရအနေဖြင့် အီရတ်နိုင်ငံရှိ မြန်မာနိုင်ငံသားများအား လိုအပ်သည့်အကူအညီများ ဆက်လက်ပံ့ပိုးပေးရေး မေတ္တာရပ်ခံပြောကြားခဲ့သည်။


