သံအမတ်ကြီး ဦးနေမျိုးဦး ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဘာရိန်းနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ

(၁၂-၁၁-၂၀၂၆၊ ရီရတ်ဒ်)

သံအမတ်ကြီး ဦးနေမျိုးဦးသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဘာရိန်းနိုင်ငံ သံအမတ်ကြီး H.E. Sheikh Ali bin Abdulrahman bin Ali Al Khalifa အား ၁၁-၁၁-၂၀၂၆ ရက် ၁၂၀၀ နာရီတွင် ရီရတ်ဒ်မြို့၊ Diplomatic quarter ရှိ ဘာရိန်းသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ဘာရိန်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။