(၄-၇-၂၀၂၃ ရက်၊ နေပြည်တော်)
ဆိုင်ကလုန်း “မိုခါ” သဘာဝ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ပေကျင်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် ပေကျင်းမြို့ရှိ တရုတ်ဗုဒ္ဓဘာသာအသင်းမှ လှူဒါန်းသည့် တရုတ်ယွမ် ၁,၀၀၀,၀၀၀/- နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ ၁၃၉,၇၉၅/- (အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကိုးထောင်ခုနှစ်ရာကိုးဆယ့်ငါးတိတိ) နှင့် ဗန်ကောက်မြို့၊ မြန်မာသံရုံးမှတစ်ဆင့် The First Good Man Group Co., Ltd. ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Fuangfoo Cheewinmaharat နှင့် အကြံပေးအရာရှိ Mr. Thanich Numnoi တို့က လှူဒါန်းခဲ့ကြသည့် ထိုင်းဘတ် ၂၀၀,၀၀၀/- (ထိုင်းဘတ်နှစ်သိန်းတိတိ) တို့အား ၃၀-၆-၂၀၂၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသက်နောင် မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသန်းစိုး ထံသို့ လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


