(၁၅-၂-၂၀၂၃ ရက်၊ မနီလာ)
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် စည်းရုံးခံ ရပြီးနောက် လူကုန်ကူးခံရကာ လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေမှုများကြုံတွေ့ခဲ့ရသဖြင့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့သည့် မြန်မာနိုင်ငံသား(၂၁)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာသံရုံးမှ ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT) ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM) ၊ International Justice Mission တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ ၁၅-၂-၂၀၂၃ ရက်နေ့တွင် ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်မည့် မြန်မာနိုင်ငံသား(၄)ဦးကို မြန်မာသံရုံးနှင့် စစ်သံရုံး တို့မှတာဝန်ရှိသူများက မနီလာမြို့၊ နီနွိုင်းအကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ပါသည်။
ကျန်ရှိနေသည့် မြန်မာနိုင်ငံသား (၁၇)ဦး မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် မြန်မာသံရုံးမှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်လက်ညှိနှိုင်းနေပြီး ဆောလျင်စွာ ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

