(၂၁-၇-၂၀၂၃ ရက်၊ ဗီယင်ကျန်း)
ဗီယင်ကျန်းမြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမြတ်သက်ဦး သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္ မတနိုင်ငံ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Lt. Gen. Vilay LAKHAMFONG အား ၂၁-၇-၂၀၂၃ ရက်၊ (၀၉၄၀) နာရီ၌ လည်းကောင်း၊ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mrs. Suanesavanh Vignaketh အား (၁၄၀၀) နာရီ၌ လည်းကောင်း သွားရောက်တွေ့ဆုံခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုများတွင် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် မြန်မာသံအမတ်ကြီး တို့သည် နှစ်နိုင်ငံအကြား လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတားမြစ်ရေး စသည့် ကိစ္စရပ်များကို လည်းကောင်း၊ လာအိုနိုင်ငံ၊ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် မြန်မာသံအမတ်ကြီး တို့သည် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။







