(၂၄-၉-၂၀၂၁ ရက် ၊မြန်မာသံရုံး၊ မော်စကိုမြို့)
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် မြန်မာသံရုံး၊ မော်စကိုမြို့မှ သံမှူးကြီး ဦးဇော်လင်းဦး လိုက်ပါလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Bogdanov Mikhail Leonidovich နှင့် ၂၃-၉-၂၀၂၁ရက်နေ့ မော်စကိုစံတော်ချိန် နံနက် ၁၁:၀၀ နာရီတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံ၍ ခန့်အပ်လွှာ(မိတ္တူ)ကို ပေးအပ်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးနှင့် H.E. Bogdanov Mikhail Leonidovich တို့ တွေ့ဆုံစဉ် Third Asian Department ညွှန်ကြားရေးမှူးချုပ် Mr. Nordrev Nikolay Stanislavovich ပါတက်ရောက်ပြီး သံတမန်ရေးရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။





