မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်အား သွားရောက်တွေ့ဆုံ

(၁၂-၁၁-၂၀၂၆၊ ဗီယင်နာ)

ဗီယင်နာမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၁၂-၁၁-၂၀၂၆ ရက်တွင် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် H.E. Mr. Mikhail Ivanovich Ulyanov အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂမျက်နှာစာနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အဖွဲ့ရုံးများအကြား ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။