(၂၈-၅-၂၀၂၄ ရက်၊ ကိုင်ရို)
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်သည် ၂၈-၅-၂၀၂၄ ရက်နေ့၊ ၁၄၀၀ နာရီတွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Ambassador Ahmed Shaheen အား ၎င်း၏ ဧည့်ခန်းမသို့ သွားရောက်၍ နှုတ်ဆက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် သံအမတ်ကြီးမှ မိမိအနေဖြင့် အီဂျစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ ပြန်လည်ပြောင်းရွှေ့ထွက်ခွာတော့မည်ဖြစ်ရာ၊ မိမိ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာရှရေးရာဌာနမှ တာဝန်ရှိသူများ၏ ပံ့ပိုး ပူးပေါင်းဆောင်ရွက် မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံ အစိုးရ၊ ဝန်ကြီးဌာနများနှင့် ပြည်သူများအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေရေး၊ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရေး တို့တွင် ကူညီဆောင်ရွက်ပေးနိုင်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
****************************************



