မြန်မာသံအမတ်ကြီး ဦးမင်းသိမ်း အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖက်အဖွဲ့ (ACD) အတွင်းရေးမှူးချုပ် အားသွားရောက်တွေ့ဆုံ (၂၄-၈-၂၀၂၆၊ ကူဝိတ်)

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖက်အဖွဲ့ (Asia Cooperation Dialogue-ACD) အတွင်းရေးမှူးချုပ် H.E. Mr. Nasser Riden Thamer Al-Motairi အား ၂၄-၈-၂၀၂၆ ရက် ၁၁၀၀ နာရီတွင် ကူဝိတ်မြို့ရှိ ACD အတွင်းရေးမှူးရုံး၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ACD အဖွဲ့၏လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ကူဝိတ်ရှိ မြန်မာသံရုံးနှင့် ACD အတွင်းရေးမှူးရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။