(၈-၁၀-၂၀၂၆၊ ရောမ)
ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် အီတလီနိုင်ငံ Belluno မြို့ရှိ UniDolomiti နှင့် ဆွစ်ဇာလန်နိုင်ငံရှိ UniCampus HETG University တို့မှ နိုင်ငံရေးဒဿနိကဗေဒနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini အား ၆-၁၀-၂၀၂၆ ရက်တွင် ရောမမြို့ရှိ မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာ-အီတလီ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ပညာရေး၊ လူငယ်ချင်းဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ၊ ပညာရေးဆိုင်ရာ ချိတ်ဆက်မှုများ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အပြန်အလှန်အကျိုးရှိစေမည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ မြန်မာနှင့် အီတလီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ရှာဖွေဖော်ဆောင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။


