(၁၇−၁၀−၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ၁၇−၁၀−၂၀၂၅ ရက်၊ မွန်းလွဲပိုင်း ၁၅:၀၀ နာရီတွင် မြန်မာသံရုံး၊ ဧည့်ခန်းမဆောင်၌ ကွာလာလမ်ပူမြို့အခြေစိုက် ဆိုမာလီယာသံရုံးမှ သံအမတ်ကြီး H.E. Ali Mohamed Abukar အား လက်ခံတွေ့ဆုံခဲ့ရာ ဆိုမာလီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်ရေးကိစ္စရပ်၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

