မြန်မာရေလုပ်သား(၅)ဦးအား အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၁၄ – ၂ – ၂၀၂၆ ရက် ၊ နယူးဒေလီ)

၈-၁၁-၂၀၂၄ ရက်နေ့တွင် ပင်လယ်ပြင်တွင်မုန်တိုင်းမိ၍ အိန္ဒိယနိုင်ငံ၊ Trichy မြို့ရှိ Special Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်းစိစစ်ပြီးသူ မြန်မာရေလုပ်သား(၅)ဦးသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန (Ministry of External Affairs – MEA)၊ တမီးနာဒူးပြည်နယ်၊ Nagapattinam Districtမှ သက်ဆိုင်ရာ ဌာနအသီးသီး နှင့်လည်းကောင်း၊ တမီးနာဒူးပြည်နယ်၊ Trichyမြို့နှင့် ချန်နိုင်းမြိုတို့ရှိ နိုင်ငံခြားသားများ ဒေသဆိုင်ရာမှတ်ပုံတင်ရေးရုံး (Foreign Regional Regulation Office-FRRO)တို့နှင့်လည်းကောင်း အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၀၉:၃၅ နာရီတွင် အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့၊ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်း(MAI)၏ ပျံသန်းစဉ်အမှတ်၊ 8M-631ဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။