(၃၀-၁၂-၂၀၂၅ရက်၊ ကွာလာလမ်ပူ)
ကွာလာလမ်ပူမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၁၈-၁၂-၂၀၂၅ ရက်နေ့တွင် transit ပြုလုပ်စဉ် လေယာဉ်ပေါ် အချိန်မီ မရောက်ရှိဘဲ မလေးရှားလေဆိပ်တွင် ၅ ရက်ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားလေဆိပ်မှ တာဝန်ရှိသူများ၏ အကြောင်းကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ဝန်ထမ်းများက သွားရောက် ခေါ်ယူစောင့်ရှောက်ခဲ့ပါသည်။
ဆက်လက်၍ အဆိုပါ မြန်မာနိုင်ငံသားအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ အပြန်လေယာဉ်လက်မှတ်ခ အပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ပါသဖြင့် ၎င်းသည် ယနေ့ ၃၀-၁၂-၂၀၂၅ ရက်နေ့တွင် မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ( MAI – 8M 504) ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါသည်။

