(၆-၁၂-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ၊ ကြိုတင်ဆန္ဒမဲပေးခြင်း ပထမ နေ့ကို ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ၆-၁၂-၂၀၂၅ ရက်(စနေနေ့)၊ ၁၀:၀၀ မှ ၁၆:၀၀ နာရီ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ မလေးရှားနိုင်ငံရောက် မဲဆန္ဒရှင်ပြည်သူများ လာရောက် ဆန္ဒမဲပေးခဲ့ ကြပါသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မဲရုံမှူးအဖြစ် ကြီးကြပ် ဆောင်ရွက်ခဲ့ပြီး သံရုံးဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ် ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။
ကြိုတင်ဆန္ဒမဲလာရောက်ပေးအပ်သည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ မြန်မာ့ရိုးရာ အစားအစာများ ဖြစ်သည့် မုန့်ဟင်းခါး၊ ဆနွင်းမကင်း၊ ကော်ဖီနှင့် အချိုရည်များဖြင့် ဧည့်ခံခဲ့ပါသည်။ ကြိုတင်မဲဆန္ဒပေးခြင်းအား ၆-၁၂-၂၀၂၅ ရက်မှ ၈-၁၂-၂၀၂၅ ရက်အထိ (၃)ရက်တိုင် ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
*********************




