မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးရေး စခန်းတာဝန်ခံများကို မြန်မာသံအမတ်ကြီးက တွေ့ဆုံပြောကြား

(၁၉-၃-၂၀၂၆ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၁၉-၃-၂၀၂၆ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေးခန်းမ၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးရေး စခန်း(၄)ခုတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိနိုင်ငံဝန်ထမ်းများ၊ စခန်းတာဝန်ခံများအား လက်ခံတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။ သံအမတ်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံရေး၊ လုံခြုံရေးအမြင်များ ထားရှိရေး၊ CI သက်သေခံလက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရေး၊ CI ထုတ်ပေးရေးလုပ်ငန်းစဉ်အောင်မြင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး အလေးထားတိုက်တွန်းပြောကြားခဲ့ပြီး မြန်မာသံရုံးအနေဖြင့်လည်း နိုင်ငံတာ်၏မူဝါဒများနှင့်အညီ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် အသင့်ရှိပါဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဝန်ထမ်းများ၊ အလုပ်သမားသံရုံးမှ အလုပ်သမားသံအရာရှိများ၊ CI စခန်း တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။