(၄-၇-၂၀၂၃ ရက်၊ ဗီယင်နာ)
သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တော်ဝန်/အုပ်ချုပ်ရေးမှူး Hon. Dr. Michael Luwig က ဗီယင်နာမြို့အခြေစိုက် သံတမန်အဖွဲ့ (Diplomatic Corps) သံရုံးအကြီးအကဲများအား တည်ခင်းသည့် ဧည့်ခံပွဲကို ၃-၇-၂၀၂၃ ရက်၊ ညနေပိုင်းတွင် Cobenzl Vineyard ၌ ကျင်းပခဲ့ရာ၊ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းတက်ရောက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက ဗီယင်နာမြို့တော်ဝန်အား နှုတ်ဆက်စကားပြောကြားစဉ် ၂၀၂၂ ခုနှစ်အတွင်း မြန်မာသံရုံး/အဖွဲ့ရုံးအနေဖြင့် အာဆီယံ-ဗီယင်နာကော်မတီ အလှည့်ကျဥက္ကဋ္ဌ တာဝန် (၂၀၂၂ ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ) ထမ်းဆောင်ခဲ့စဉ် ASEAN Family Day အား Donau Park တွင် ကျင်းပနိုင်ရေးအတွက် ကူညီပေးမှု၊ မြို့တော်ဝန်ကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦး အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပေးမှု တို့အပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



