ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး က ထိုင်းနိုင်ငံသံအမတ်ကြီးအား သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံ (၁၁-၈-၂၀၂၅ ရက်)

(၁၁-၈-၂၀၂၅ ရက်၊ ဟနွိုင်း)

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းသည် ဗီယက်နမ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Ms. Urawadee Sriphiromya အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ၁၀၀၀ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ ထိုင်းနိုင်ငံသံရုံး၌ သွားရောက်နှုတ်ခွန်းဆက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် အာဆီယံ မူဘောင်အောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ နှစ်နိုင်ငံအကျိုးစီးပွားကိုဖော်ဆောင်သွားနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာ့ရိုးရာအမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။