ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်လွှဲပြောင်းပေးအပ်

(၂၂-၁၂-၂၀၂၅ ရက်၊ နေပြည်တော်)

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀)ရုံးတို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများဖွင့်လှစ်၍ ကြိုတင် ဆန္ဒမဲပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး အသီးသီးတို့မှ ပြန်လည်ပေးပို့လာသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင် မဲလက်မှတ်များအား ၁၈-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။