ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ် အပ်နှင်း

မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ် အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ တက်ရောက်လက်ခံခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခြင်းသည် မိမိတစ်ဦးတည်းကို ဂုဏ်ပြုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဂုဏ်ပြုခြင်းအဖြစ် မှတ်ယူကြောင်း၊
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပညာရေး၊ သုတေသနနှင့် အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားကြရန် တွန်းအားတစ်ရပ်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ပညာတော်သင် ၇၀၀၀ ကျော် စေလွှတ်ခဲ့သည့် ရလဒ်အဖြစ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအား ကဏ္ဍပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်နိုင်သည့်အတွက် ရုရှားနိုင်ငံကို အထူးပင်ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

#Reference:PPIB