ပြည်ထာင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံအစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပ အာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဂြိုဟ်တုနှင့် အာကာသသိပ္ပံ နည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာအာကာသယာဉ်မှူးများအာကာသခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းရွေးချယ်လေ့ကျင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အသေးစားနျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနှင့် ရေထွက်ပစ္စည်းများ ယခုထက် ပိုမိုတင်ပို့နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

#PPIB