မလေးရှားသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၆၆၂ ဘီလီယံရှိပြီး ယခုနှစ် ဩဂုတ်လအထိ ၁.၀၁ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ နဝမမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၂ ခုကို ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အနေဖြင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များရှိကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်သကဲ့သို့ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
#Reference:PPIB



