နိုင်ငံတော်သမ္မတ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် ဟနွိုင်း၌ တွေ့ဆုံဆွေးနွေး

ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြို့၌ ဒေသတွင်း ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆလုံဆေး ကိုမာဆစ်တို့သည် ယနေ့နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။


ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးများ တိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

#Reference:PPIB