(၁၉-၃-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ မကြာမီ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် Ms. Noriko Takagi အနေဖြင့် ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့် UNHCR တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် UNHCR မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

