(၃-၁၀-၂၀၂၅ ရက်၊ မင့်စ်)
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပရန် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်နှင့်လည်းကောင်း၊ ဒုတိယဝန်ကြီး(၁) မစ္စတာ ဆာဂေးလူကာရှယ်ဗစ်ချ်နှင့်လည်းကောင်း ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့် တွေ့ဆုံခဲ့ပြီး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစားနှင့် ခရီးသွားလာရေး စသည့်ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

