နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ တိုင်းကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း (၃၀-၆-၂၀၂၂ ရက်)

(၃၀-၆-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ မေတ္တာရပ်ခံချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Southern Power Grid Co., Ltd မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား နေပြည်တော် တိုင်းကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံများသို့ ပြန်လည် ဖြန့်ဝေလှူဒါန်းသည့် အခမ်းအနားအား ၃၀-၆-၂၀၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သော China Southern Power Grid Co., Ltd အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသို့ China Southern Power Grid Co., Ltd မှ လှူဒါန်းခဲ့သော ကျပ်ငွေ ၆၃,၉၀၀,၀၀၀/- တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့်Ventilator(Vertical Type)(၆)လုံးနှင့် Mask အရေအတွက် (၁၂၀၀၀၀)တို့အား နေပြည်တော်တိုင်းကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ အမှတ်(၂) တပ်မတော်ဆေးရုံ၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီး(ကုတင်-၂၀၀)၊ လယ်ဝေးမြို့ ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀) တို့ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အလှူရှင် China Southern Power Grid Co., Ltd တို့မှ အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာဦးစီးဌာနနှင့် ဆေးရုံများမှ တာဝန်ရှိပုဂ္ဂိုလ်များက လှူဒါန်းပစ္စည်းများအား လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။