တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Bright Prospect Industrial Co., Ltd မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်းများ လာရောက်လှူဒါန်း(၃-၂-၂၀၂၃ ရက်)

(၃-၂-၂၀၂၃ ရက်၊ နေပြည်တော်)
 
မြန်မာ-တရုတ် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ မေတ္တာရပ်ခံချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Bright Prospect Industrial Co., Ltd မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန် ယွမ် ၁၀၀,၀၀၀/- (ကျပ် ၃၀,၈၀၀,၀၀၀) တန်ဖိုးရှိ နှာခေါင်းစည်း (Mask) အရေအတွက် (၁၀၀,၀၀၀) အား ၃-၂-၂၀၂၃ ရက် (သောကြာနေ့)၊ နံနက် ၀၉:၀၀ နာရီတွင် လာရောက်လှူဒါန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။