စတုတ္ထကြိမ်မြောက် Australia-ASEAN Business Forum သို့ မြန်မာသံရုံးယာယီတာဝန်ခံမှ ပါဝင်တက်ရောက်(၂၆-၆-၂၀၂၃ ရက်)

(၂၆-၆-၂၀၂၃ ရက်၊ ဆစ်ဒနီ)
 
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် Sydney မြို့၊ International Convention Centre ၌ ကျင်းပခဲ့သည့် စတုတ္ထကြိမ်မြောက် Australia-ASEAN Business Forum သို့ ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာဝန်ကြီးဌာန၏ Assistant Minister ဖြစ်သူ Senator the Hon Tim Ayres၊ New South Wales ပြည်နယ်၏ စက်မှုနှင့် ကုန်သွယ်ရေး ဆိုင်ရာဝန်ကြီး Hon. Anoulack Chanthivong၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဩစတြေးလျနိုင်ငံ၏ စီးပွားရေး အထူးသံတမန် Mr. Nicholas Moore၊ ကင်ဘာရာမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများ နှင့်အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်းမှ ပါဝင် တက်ရောက် ခဲ့ပါသည်။ ထို့နောက် Gala dinner သို့ New South Wales ပြည်နယ်ဘုရင်ခံ (Governor) ဖြစ်သူ Honourable Margaret Beazley ကလည်း တက်ရောက်ခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံမှ  ပြည်နယ်ဘုရင်ခံအား သီးခြားကြိုဆိုတွေ့ဆုံခြင်း ပြုလုပ်ခဲ့ပါသည်။ 
 
ဖိုရမ်မကျင်းပမီ ၂၅-၆-၂၀၂၃ ရက်နေ့တွင် New South Wales (NSW) ပြည်နယ်အစိုးရ၊ အာဆီယံဆိုင်ရာ Senior Trade and Investment Commissioner ဖြစ်သူ Mr. Andrew Parker၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ (Investment NSW) က ကင်ဘာရာမြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများအား တည်ခင်း ဧည့်ခံခဲ့သည့် NSW-ASEAN Networking ညစာစားပွဲသို့လည်းကောင်း၊ ၂၆-၆-၂၀၂၃ ရက်နေ့တွင် Novotel Sydney Darling Harbour ၌ New South Wales ပြည်နယ်၏ စက်မှုနှင့် ကုန်သွယ် ရေးဆိုင်ရာဝန်ကြီး Hon. Anoulack Chanthivong၊ ဩစတြေးလျနိုင်ငံ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ Secretary (ဒုတိယဝန်ကြီးအဆင့်ဖြစ်သူ) Ms. Elizabeth Mildwater တို့နှင့်အတူ ကင်ဘာရာမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးသည့် အလုပ်သဘောနံနက်စာစားပွဲသို့လည်းကောင်း မြန်မာသံရုံးယာယီတာဝန်ခံ မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။