ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်သည် (၁၄)ကြိမ်မြောက် ယူနန်ပြည်နယ်ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက် (၁၈-၁-၂၀၂၅ ရက်)

(၁၈-၁-၂၀၂၅ ရက်၊ ကူမင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့ ယူနန် ဟေဂင်ခန်းမတွင် ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဝမ်ယုဘိုက ပြည်နယ် ပြည်သူ့ အစိုးရ ကိုယ်စားလုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။ အစီအစဉ်အရ ယူနန်ပြည်နယ်၏ ၂၀၂၄ ခုနှစ် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အစီ ရင်ခံစာ၊ ၂၀၂၅ ခုနှစ် အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမူကြမ်းတို့ကို ပြန်လည်သုံးသပ်ခြင်းနှင့် ယူနန်ပြည်နယ်၏ ၂၀၂၄ ခုနှစ်  ဒေသတွင်း ဘဏ္ဍာငွေ ရရှိမှု အပေါ် အကောင် အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၅ ဘတ်ဂျက်ခွဲဝေရရှိမှု မူကြမ်းကို ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကူမင်းမြို့ အခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

****************************************