မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၁၈-၅-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Korea Chamber of Commerce and Industry (KCCI) Office တွင် ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Yeo Han-koo နှင့် အာဆီယံသံအမတ်ကြီးတို့၏ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ် ဆိုင်ရာဝန်ကြီးနှင့် အာဆီယံသံအမတ်ကြီးများတို့သည် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုစာချုပ် အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့ အကြား ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။



