(၅၈)နှစ်မြောက် အာဆီယံတည်ထောင်ခြင်းအထိမ်းအမှတ် အလံတင်အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၈-၈-၂၀၂၅ ရက်)

(၈-၈-၂၀၂၅၊ ဟနွိုင်း)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တည်ထောင်ခြင်း (၅၈) နှစ်မြောက် အထိမ်းအမှတ် အလံတင်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ ၀၇:၃၀ နာရီတွင် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်း တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပထမဦးစွာ အာဆီယံသီချင်းဖွင့်လှစ်၍ အာဆီယံအလံကိုလွင့်ထူကာ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ငုယင်မင်ဗူး က (၅၈)နှစ်တာ ကာလအတွင်း အာဆီယံ၏အောင်မြင်မှုသမိုင်းကြောင်းနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ သံတမန်များနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဟနွိုင်းမြို့ ပြည်သူ့ ကော်မတီတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။