၃၆ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၆-၁၁-၂၀၂၆၊ မနီလာ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Conrad Hotel ၌ ၂၀၂၆ ခုနှစ် နိုင်ဝင်ဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်သည့် ၃၆ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် လေ့လာသင်ယူမှုစနစ် (PMELS) မိတ်ဆက်ပွဲ အခမ်းအနားတို့သို့ မနီလာမြို့၊ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါ်အိအိတင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း (ASCC) ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဖိလစ်ပိုင် လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DSWD) ဝန်ကြီး H.E Rex Gatchalian က သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စား လှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် ASCC Blueprint 2025 ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၅ ခုနှစ်နောက်ပိုင်း မဟာဗျူ ဟာမြောက်အစီအစဉ် (Post-2025 strategic plan) ကို ရေးဆွဲအတည်ပြုရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ထပ်လောင်းကတိပြုခဲ့ကြပါသည်။ ၃၆ ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီအစည်းအဝေး အစီရင်ခံစာနှင့် အစည်းအဝေးဆိုင်ရာပူးတွဲကြေညာချက်တို့ကို ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဆက်လက်တင်ပြသွားရန် သဘောတူညီခဲ့ကြပါသည်။