အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး စတုတ္ထအကြိမ် အာဆီယံ-အိန္ဒိယ Blue Economy Workshop သို့ တက်ရောက်(၁၆-၁၂-၂၀၂၂ ရက်)

(၁၆-၁၂-၂၀၂၂ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၁၅-၁၂-၂၀၂၂ ရက်မှ ၁၆-၁၂-၂၀၂၂ ရက်အထိ နယူးဒေလီမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် အာဆီယံ-အိန္ဒိယ Blue Economy Workshop သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ကျယ်ပြန့်ပြည့်စုံသည့် မဟာဗျူဟာမိတ်ဖက်များအဖြစ် အာဆီယံနှင့် အိန္ဒိယတို့အကြား Blue Economy ဆိုင်ရာ ရေရှည်တည်တံ့မည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ အရှေ့ပိုင်းနိုင်ငံများ ဆိုင်ရာ အတွင်းဝန် H.E. Mr. Saurabh Kumar မှ မိန့်ခွန်း ပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ အကြီးတန်း အရာထမ်းများ၊ သက်ဆိုင်ရာ ပညာရှင်များမှ အသီးသီးပါဝင် ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှ ပညာရှင် (၂) ဦး လည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

၁၅-၁၂-၂၀၂၂ ရက်၊ ညပိုင်းတွင် မြန်မာသံအမတ်ကြီးသည် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသည့် အာဆီယံ သံအမတ်ကြီးများ၊ အကြီးတန်းအရာရှိများ၊ ပညာရှင်များအား အတွင်းဝန် H.E. Mr. Saurabh Kumar မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။