(၁၅-၃-၂၀၂၃ ရက်၊ ပရာ့ဂ်)
ချက်နိုင်ငံတွင် ရုံးစိုက်သော အာဆီယံနိုင်ငံ ၆ နိုင်ငံမှ သံရုံးများ (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်)ဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့နှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Non-European Countries and Economic Diplomacy ဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. Veronika Kuchynova Smigolova တို့၏ အလွတ်သဘော ဆွေးနွေးပွဲကို အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသော ထိုင်းသံရုံး၌ ၁၃-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင် တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ယူကရိန်းစစ်ပွဲ အခြေအနေ၊ ချက်သမ္မတနိုင်ငံ၏ အင်ဒို-ပစိဖိတ်ဒေသ နိုင်ငံများနှင့် ပူးပေါင်းဆက်ဆံရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ချက်နိုင်ငံတွင် ရုံးစိုက်သော အာဆီယံနိုင်ငံ ၆ နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့် ပစိဖိတ်ဌာန ညွှန်ကြားရေးမှူး Mr. Marek Libricky တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

